မျက်နှာအရေးအကြောင်းသက်သာအောင် အိပ်တဲ့အခါ ပက်လက်အိပ်ပါ
31-Oct-2016
မျက်နှာအရေးအကြောင်းသက်သာအောင် အိပ်တဲ့အခါ ပက်လက်အိပ်ပါ
အိပ်တဲ့ပုံစံအလိုက် အရေတွန့်တာ၊ မျက်နှာအရေးအကြောင်း ပေါ်တက်တာတွေ ရှိတယ်လို့ဆိုတယ်။ ဘေးစောင်းအိပ်ရင် အိပ်ရာနဲ့ပါး၊ မေးစေ့တွေ ပွတ်မိပြီး အဲဒီနေရာတွေမှာ အရေးအကြောင်းတွေ ပေါ်တတ်တယ်။ မှောက်အိပ်တတ်ရင်တော့ နဖူးမှာလိုင်းတွေ ပေါ်တတ်တယ်ဆိုပဲ။ ဒါကြောင့် မျက်နှာအရေမတွန့်အောင်၊ လိုင်းတွေ မပေါ်အောင် မှောက်မအိပ်နဲ့၊ ဘေးစောင်းလည်း မအိပ်နဲ့။ ပက်လက်အိပ်ကြပါတယ်။
ဗီတာမင်စီ လိမ်းပေးလို့ရတယ်
စမ်းသပ်မှုတစ်ခုမှာ မျက်နှာအသားအရေကို ဗီတာမင်အမျိုးမျိုး လိမ်းကြည့်တာ ဗိုက်တာမင်စီက အမှတ်တွေအများကြီးရတယ်ဆိုပဲ။ ဘယ်လိုအမှတ်တွေလဲဆိုတော့ ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ပေးတာမျိုး၊ အရေပြားကော်လဂျင်အမျှင်ဓာတ် တိုးပွားစေတာမျိုး၊ မှဲ့ခြောက်တင်းတိပ်တွေ လျော့စေတာမျိုး၊ အရေပြားရောင်ရမ်းတာ သက်သာစေတာမျိုး စတာတွေပါ။ အကုန်လုံးကောင်းပါတယ်။ အရေပြားလှပဖို့ ဗီတာမင်စီ Ascorbic Acid ကို လိမ်းကြရအောင်ပါနော်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, March 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

